ဟင်္သာတ သြဂုတ် ၂၃
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာရေး၊ စားသုံးသူရေးရာ၊ အား/ကာနှင့် ပြန်/ဆက်ဌာနများ ပူးပေါင်းကာ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်/ဆက်ဦစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးမာက စာဖတ်ခြင်းအကျိုးကျေးဇူးများကိုလည်းကောင်း၊ မြိုနယ်စားသုံးသူရေးရာဦးစီဌာနမှ မြို့နယ်တာဝန်ခံဦးမိုးကျော်က ကုန်အညွှန်းအမှတ်တံဆိပ်များသုံးစွဲမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်အားကစားမှူး ဒေါ်ဖြိုးစန္ဒာဝင်းက လူငယ်နှင့်အားကစား၊ အားကစားအမျိုးအစားများ၊ အားကစားသိပ္ပံတက်ရောက်ရန် လူငယ်တစ်ဦးတွင်ရှိသင့်သည့် အချက်အလက်များ ဟောပြောခဲ့ပြီး မေးခွန်းများ ပြန်လှန်မေးမြန်းကာ လက်ဆောင်များ ချီးမြှင့်ခြင်းနှင့် စုပေါင်း ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၁၇၅)ဦး တက်ရောက်ခဲ့သည်။
ထိုနောက် ကျောင်းသား/သူများ စာပေဖတ်ရှူလေ့လာနိုင်ရန် ခရိုင်ပြန်/ဆက်ရုံး ဝန်ထမ်းများက စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်းကူမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)