ဟုမ္မလင်းမြို့၌ မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင်လဲပြို၍ ဌာနဆိုင်ရာအဆောက်အဦးနှင့်လူနေအိမ်ထိခိုက်မှုဖြစ်ပွား

ဟုမ္မလင်း သြဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်၊ အနောက်တာရိုးလမ်းမြို့နယ်တရားရုံးဝင်းတောင့်နှင့် မြို့နယ်သမဦးစီးဌာနရုံးဝင်းထောင့်ရှိ ကုက္ကိုလ်ပင်သည် မိုးရွာသွန်းမှုကြောင်း သြဂုတ်(၂၂)ရက်နေ့ နံနက်(၄း၃၀)အချိန်က လဲပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ပွားရာနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုဦးစီးဌာနမှ ဝန်ထမ်း(၁၀)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှ(၁၂)ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန(၁၂)ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ(၁၂)ဦးနှင့် ဒေသခံပြည်သူများကစုပေါင်း၍ လဲပြိုခဲ့သည့်ကုက္ကိုလ်ပင်အား နံနက်(၇)နာရီမှ (၁၁)နာရီအထိ ဝိုင်းဝန်းခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကုက္ကိုလ်ပင် လဲပြိုမှုကြောင့် မြို့နယ်သမဦးစီးမှူးရုံးဝင်းအုတ်တံတိုင်း(၂)ခန်း၊ ရုံးသွပ်မိုး(ကာလာ)နှင့် မျက်နှာကျက် ၊ ရပ်ကွက်အတွင်းရှိ လူနေအိမ်(၂)လုံးမှ သွပ်(၅၀)ချပ်တို့ထိခိုက်ဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန်များ ထိခိုက်/သေဆုံးမှုများမရှိကြောင်းနှင့် ​မြို့နယ်သမဦးစီးမှူးရုံး၏ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ (၆၉၉၀၂၅၀)နှင့် လူနေအိမ်(၂)လုံးမှ သွပ်(၅၀)ချပ်၊ သွပ်(၁)ချပ်လျှင် (၉၃၀၀)ကျပ် စုစုပေါင်း(၄၆၅၀၀၀)တို့ဖြစ်ကြောင်း သိရှိရသည်။

လင်းလင်း ( ပြန်/ဆက်)