မြန်အောင် သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးနေကြာဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ရေး တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုးနေကြာစိုက်ပျိုးရေးတောင်သူနည်းပညာပေးသင်တန်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က သင်တန်းသားများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန(ရုံးချုပ်)မှ ကျွမ်းကျင်သောစိုက်/ပညာရှင်များလာရောက်သင်ကြားပေးသော မိုးနေကြာစိုက်ပျိုးနည်း စနစ်ပညာများအတိုင်း စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားခဲ့ပြီး မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ကြီးကြပ်မှုလုပ်ငန်းအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံ၍ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးနေကြာလျာထားဧက(၆၀၀၀) ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
သင်တန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန(ရုံးချုပ်) နေပြည်တော်သုသေသနအရာရှိ Dr.ဒေါ်နန်းပပဝင်းက နေကြာမျိုးမွေးမြူခြင်းနှင့် မျိုးသန့်ထိန်းသိမ်းခြင်းအကြောင်းအရာများ၊ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနစိတ်(ရုံးချုပ်) နေပြည်တော်မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမြိုင်က နေကြာပန်းတိုင် အထွက်နှုန်းရရှိရေး နည်းလမ်းများအား ပို့ချဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော တောင်သူများမှ သိလိုသည်များအားမေးမြန်းရာ သင်တန်းနည်းပြများက ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်) မြန်အောင်