မင်းလှမြို့နယ်တွင် ညှင်းသွန်း-ဘွဲ့-သရက်-မင်းလှလမ်းပေါ်တွင်ရေကျော်ချဉ်းကပ်လမ်း မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်

အထက်မင်းလှ   ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်‌လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ညှင်းသွန်း-ဘွဲ့-သရက်-မင်းလှလမ်းပေါ်တွင် ရေကျော်ချဉ်းကပ်လမ်းမြေထိန်းနံရံတည် ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ညှင်းသွန်း-ဘွဲ့-သရက်-မင်းလှလမ်းပေါ်တွင် ရေကျော်ချဉ်းကပ်လမ်း မြေထိန်းနံရံ(54.861m)(၁၈၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ဇူလိုင်လ(၁၅)ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၂၃)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ (၈၅)%ဆောင်ရွက်ပြီးဖြစ်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို မင်းလှမြို့နယ်ကျေးလမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းများစံချိန်၊ စံညွှန်းနှင့်အညီအချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

မင်းလှမြို့နယ်တွင် ညှင်းသွန်း-ဘွဲ့-သရက်-မင်းလှလမ်းပေါ်ရှိရေကျော်ချဉ်းကပ်လမ်းမြေထိန်းနံရံ တည်ဆောက်ပြီးစီးပါက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)