ဓနုဖြူ အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြိုနယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဦးသိမ်းမင်းက မဲရုံမှူး၊ ဒုတိယ မဲရုံမှူး သင်တန်းဖွင့်လှစ်မည့် ကိစ္စရပ်များအကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ တာဝန်ခွဲဝေ ချထားမည့် အကြောင်းများကို ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးပြည့်ဖြိုးမိုးက ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရန် ကိစ္စနှင့် ပတ်သက်၍ ရောက်ရှိရာဒေသတွင် ပုံစံ(၁၅)လျှောက်ထား၍ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များ၊ မဲရုံသို့ ကိုယ်တိုင် လာရောက်မဲပေးနိုင်ခြင်း မရှိသည့် အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ Facility Quarantine Center တွင် ရောက်နေသည့် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးကိစ္စများ၊ ယာယီမဲရုံဆောက်လုပ် အပ်နှံနိုင်ရေး ကိစ္စများရပ်များ၊ မဲရုံပြင်ပတွင် တာဝန်ချထားနိုင်ရေးကိစ္စရပ်များ၊ ကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက်ခြင်း ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)