ထားဝယ် ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ဩဂုတ် ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌တွေ့ဆုံအမှာ စကားပြောကြားခဲ့သည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ အခြေအနေအရ သက်တမ်းတိုးမြှင့်တာဝန်ယူသည့်ကာလအတွင်း နိုင်ငံတော်ဝန်ကြီးချုပ်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား ရှင်းလင်းလမ်းညွှန်မှာကြားမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လုပ်ငန်းအကောင်အထည်ဖော် လျက်ရှိသည့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌများအား ထပ်ဆင့်ရှင်းလင်းသွားမှာဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းများအား မှာကြားလိုခြင်းကြောင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏နိုင်ငံရေး ရည်မှန်းချက်(၂)ရပ်တွင် စစ်မှန်စည်းကမ်းပြည့်ဝသည့်ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္စာဖူလုံရေးတို့ပင် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် စီးပွားရေးလုပ်ငန်းများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးသည်အရေးကြီးကြောင်း၊ စိုက်ပျိုးရေးအနေဖြင့် တိုင်းဒေသကြီးတွင် အဓိကအရေးကြီး သည်မှာ ဒေသဝမ်းစာဖူလုံမှုတွင် ဆန်စပါးသည်အရေးကြီးပြီး သွင်းအားစုနှင့် စက်မှုလယ်ယာကဏ္ဍများ ပံ့ပိုးဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ကြိုးစားဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဆီကြမ်းထွက်ပြီး ဆီချောစက်ရုံမရှိသောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆီချောစက်ရုံ တည်ဆောက်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးတွင် ရာဘာ၊ ဆီအုန်း၊ ကွမ်းသီးတို့ကို အထွက်နှုန်းကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မွေးမြူရေး အနေဖြင့် တိုင်းဒေသကြီးတွင် ငါး၊ ပုစွန်၊ ဂဏန်းများသည်ဒေသအတွင်း မွေးမြူရန် အဆင်ပြေသည့်လုပ်ငန်းဖြစ်ပြီး တိုင်းဒေသကြီးအနေဖြင့် ပုစွန်မွေးမြုရေးတွင် ကန်(၄၀၀)အထိ မွေးမြူလာနိုင်သည့်အတွက် ပိုမိုအဆင်ပြေလာနိုင်ကြောင်း၊ နိုင်ငံခြားဝင်ငွေပိုရရှိလာနိုင်ကြောင်း၊ ပုလဲမွေးမြူရေးသည်လည်း ဖြစ်ထွန်းအောင်မြင်လျက် ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်ဓာတ်အားသက် သာစွာရရှိရေးအတွက်အလေးထားဆောင်ရွက်လျက်ရှိ ကြောင်း၊ ပညာရေးကဏ္ဍကိုလည်း တိုးတက် မြင့်မားအောင်ဆောင်ရွက်ပေးလျက် ရှိပြီးကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေနိုင်အောင်ရေး၊ ဆရာမခန့်ထားနိုင်ရေးနှင့်မိမိတို့ရည်မှန်းထားသည့်အတိုင်း ကျေးရွာများတွင် KG-9 အဆင့်ပြီးမြောက်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်စီးပွားရေး လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ဝိုင်းဝန်း ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ဌာနရှိဝန်ထမ်းများနှင့်ပြည်သူများအားနိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ချပြရှင်းလင်းပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)