တနင်္သာရီတိုင်းဒေသကြီးနယ်မြေအတွင်း ဒုစရိုက်မှုများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ထားဝယ် အောက်တိုဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ အများ ပြည်သူများ စိတ်အေးချမ်းမြေ့စွာ အိပ်စက်အနားယူနေထိုင်နိုင်ရန် ဒုစရိုက်မှုများ၊ခိုး/ဆိုး/ လုယက်မှုများ၊ အကြမ်းဖက် ကျူးလွန်မှုများမဖြစ်ပွားစေရေး မြို့နယ်/ရဲစခန်းအသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့က သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ နေ့/ည လှည့်ကင်း/ ရပ်ကင်း/ ဝပ်ကင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များက မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်များတွင် ယာဉ်ဝင်ထွက် သွားလာမှုများအား စနစ်တကျပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်မှု များကို ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့မှူးများက အနီးကပ် လိုက်လံစစ်ဆေးကြပ်မတ် ဆောင်ရွက် လျက်ရှိသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းအပေါ် ပြည်သူများ ဖောက်ဖျက်ကျူးလွန်ခြင်းများ မရှိစေရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)