တောင်ငူမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ​ကျင်းပ

တောင်ငူ သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်အခြေခံပညာအလယ်တန်းကျောင်းခွဲ၌  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက လူငယ်နှင့်စာပေ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သတင်းအချက်အလက်နှင့်နည်းပညာတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူကာကွယ်ပေးရေးအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူကာကွယ်ရေး အခွင့်အရေး (၈)ချက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သူဇာထွေးက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် အသီးသီးဟောပြောဆွေးနွေးကြသည်။

ထို့နောက် ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)