စလင်း သြဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ရပ်ကွက်များအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းနှင့် (Unique iD) ထုတ်ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြင်တင်ရပ်ကွက်၊ စျေးမရပ်ကွက် ပေါင်းပင်ဇင်း ရပ်ကွက်ရှိ အိမ်ထောင်စုများမှ ဇီဝဆိုင်ရာအချက်များ ကောက်ယူစစ်ဆေးခြင်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အာရုံခံဘုရားတန်ဆောင်းအတွင်း အသီးသီးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သီရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မင်းဘူးခရိုင်၊ စလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဂန်ကြီးဌာနမှဝန်ထမ်းများက စလင်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁၀) ရှိရာ၊ ရပ်ကွက်၊ ကျေးရွာများအုပ်စုအလိုက် အုပ်စုနေရာများခွဲ၍ ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူစီစစ်ခြင်း သတ်မှတ်အုပ်စုနေရာများသို့ ကွင်းဆင်း၍ အမြန်ဆုံးပြီးစီးနိုင်ရန် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ယူဆောင်လာစေပြီး ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူပြီး (Database) တွင် သိမ်းဆည်းကာ မတူညီသောဂဏန်း (၁၀) လုံးပါဝင်သည့် (Unique ID) နံပါတ်ကတ်များကို နေ့ခြင်းပြီး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို Internet Line ကောင်းမွန်သည့် အခြေခံပညာကျောင်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုများနှင့် အုပ်ချုပ်ရေးမှူးရုံးများတွင် စုစည်း၍ အသက် (၁၀) နှစ်အထက်ရှိသူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူများ၏ လူမှုစီပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စေရန် မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စီစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် OnLine စနစ်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်သည့် အခြေခံစနစ်တည်ဆောက်ရန် အတွက်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။
(မောင်လွင်)စလင်း