ကလေးဝ အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်နိုင်ရေး မဲပေးသည့် အစီအစဉ် လက်တွေ့ သရုပ်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာမူလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ လက်တွေ့ သရုပ်ပြသခြင်းသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများက မဲရုံအပြင်ဘက်ပိုင်း ဆောင်ရွက်ထားရှိမှု၊ မဲရုံအတွင်းပိုင်း ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု၍ မဲဆန္ဒရှင်များ တန်းစီ ရာတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ တန်းစီရန်၊ ကိုယ်အပူချိန်တိုင်းတာရန်၊ Mask နှင့် Sanitizer Spray ဖြန်းရန်၊ မဲရုံအတွင်း လေဝင် လေထွက် ကောင်းအောင် စီစဉ်ဆောင်ရွက်ထားရှိရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဇော်လင်းက မှာကြားခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)