ငဖဲမြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများ နံရံကပ်စာစောင် ပြသ

ငဖဲ အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်ဘုတ်တွင် ပြည်သူ အများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် သတင်းအချက်အလက် များကိုအချိန်နှင့်တစ်ပြေးညီ တိကျ မှန်ကန်စွာသိရှိနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန်/ ရှောင်ရန်များ၊ မီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘအုပ် ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်း ဆွေးနွေးရာ ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူ ဆချက်များ၊ ကလေး များနှင့်အတူစာဖတ်ပါ၊ ကလေးများနှင့်အတူ သတင်းကြည့်ရာဝယ် ၊သတင်းတွင်အသုံးပြုသော စကား အသုံးအနှုန်းပိုင်းကို သတိထားကြည့်ရှုပါ စသည့် အသိပညာပေးအကြောင်းအရာများနှင့် နိုင်ငံတော် အစိုးရ၏တိုင်းကျိုးပြည်ပြု လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကိုပြည်သူ အများကြည့်ရှု လေ့လာ နိုင်ရန်ပြသ ထားကြောင်းနှင့် ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Ngaphe Page တို့တွင် လွှင့်တင်ပေးထားကြောင်းသိရသည်။

မယု(ငဖဲ)