ကံမမြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဝင်နစ်မြုပ်သည့် အိမ်ထောင်စုများအား ရေကင်းလွတ်ရာနေရာများသို့ ရွှေ့ပြောင်း

ကံမ ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ် ( ၂ ) ရပ်ကွက်များ၌ မြစ်ကမ်းနားအနီးတွင်‌ နေထိုင်ကြသည့် နေအိမ်အတွင်းသို့ ဩဂုတ် ၂၁ ရက် နေ့လယ်က ဧရာဝတီမြစ်ရေ ထပ်မံမြင့်တက်လာ၍ ရေများဝင်ရောက်လာသဖြင့် ဧရာဝတီမြစ် ကမ်းဘေးတစ်လျှောက်တွင် နေထိုင်သည့် အိမ်ထောင်စု(၃၀)စု လူဦးရေ(၁၂၃)ဦးတို့အား ရေကင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။

ထိုသို့ အိမ်ထောင်စုများ ရွှေ့ပြောင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေး၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည်များကို ကူညီစီစဉ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)