နတ်တလင်းမြို့နယ် မြို့မ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

နတ်တလင်း ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက  မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့မ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်း စတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်နှင့် Book Clubအဖွဲ့ဥက္ကဋ္ဌ ဆရာဦးသန်းအောင်တို့မှ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲ၌ GRADE-10(A)မှ မောင်အောင်ပြည့်ဇော်က "လူငယ်နှင့်အားကစား"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10(B)မှ မောင်ကောင်းဆက်ကျော်က "လူငယ်နှင့်မူးယစ်ဆေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10(B)မှ မမြင့်မြတ်သူက " လူငယ်နှင့် စာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10(B) မှ မဖြိုးသက်ခင်က "လူငယ်နှင့်ကျန်းမာရေး"   ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီးဆွေးချက်များအပေါ် တက်ရောက်လာသော  ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား‌ပေးခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊‌ ကျောင်းသူများစုစုပေါင်း (၁၈၀)ကျော်တက်ရောက်ခဲ့ပြီး၊ ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)