စလင်း သြဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပေါင်းနားရပ်ကွက်အတွင်းရှိ နေအိမ်များတွင် အသုံးပြုလျက်ရှိသော ရေတွင်းရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ စစ်လဲဆောင်ရွက်ခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရန်အတွက် ယမန်နေ့သြဂုတ်လ(၂၁)ရက် နံနက် ၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ခြင်များပေါက်ပွားမှုမရှိစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများစုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်သိန်းဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များလိုက်ပါ၍ လူနေမှုဘဝရပ်တည် ဆက်လက်ရှင်သန်နိုင်ကြစေရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပေါင်းနားရပ်ကွက်အတွင်းရှိ လူနေအိမ်အသီးသီးတို့တွင် အသုံးပြုလျက်ရှိသည့် ရေတွင်းရေကန်များ၊ ဘုံဘိုင်များအတွင်းသို့ အဘိတ်ဆေးများခတ်ခြင်းပြုလုပ်ဆောင်ရွက်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမြင့်သိန်းဦးဆောင်၍ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးမင်းမင်းထွန်းနှင့် ရပ်ကွက်နှင့်ကျေးလက်ကျန်းမာရေးဆရာမများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များစုပေါင်း၍ လိုက်ပါ၍ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာ၌ ပေါင်းနားရပ်ကွက် နေအိမ်အသီးသီးတို့တွင် အသုံးပြုကြသည့် ရေတွင်းရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများပြုလုပ်ခြင်း ညောင်ရေအိုးများအတွင်း ခြင်းများပေါက်ပွားမှုရှိမရှိရေလဲစစ်ဆေးခြင်းများပြုလုပ်၍ မြို့နယ်အတွင်းသွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
(မောင်လွင်)စလင်း