သာပေါင်း ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ ငါးဘတ်ချောင်းကျေးရွာအုပ်စုတွင် စီးပွားဖြစ်မျိုးစေ့ထုတ် ချေးငွေရယူ ဆောင်ရွက်ထားရှိမှု အခြေအနေအား ဩဂုတ်လ (၂၀) ရက်နေ့၊ နံနက် ၁၁ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စီးပွားဖြစ်မျိုးစေ့ထုတ် ချေးငွေရယူဆောင်ရွက်လျက်ရှိသော ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာ၊ ကွင်းအမှတ် (၈၁၁) ၊ ဦးပိုင်အမှတ် (၂၁/၁) ၊ တောင်သူဦးမျိုးသန့်၏ လယ်မြေ (၃) ဧကပေါ်၌ စိုက်ပျိုးထားရှိဖြစ်ထွန်းနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်