ရေတာရှည်မြို့နယ်ဆေးရုံတွင် ကုသပေးလျက်ရှိသော ကိုဗစ်-၁၉ ပိုး​တွေ့လူနာ ၇ ဦး ရောဂါ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြု

ရေတာရှည် အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်၌ ကုသပေးလျက်ရှိသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ယမန်နေ့  နေ့လယ် ၁၂ နာရီခွဲ အချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ဆေးရုံမှဆင်းခွင့် ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ(၇)ဦးအား မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာ နန္ဒာညီဆွေက နေအိမ် တွင် (၇)ရက် အသွားအလာ ကန့်သတ်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာ၍ နေထိုင်ကြရန်တို့ကို မှာကြား ပြီးနောက် နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆု(ပြန်/ဆက်)