သရက်မြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

သရက် ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လုပ်သားပြည်သူ့တစ်ရပ်လုံး ကျန်းမာရေးအတွက် မိုးရာသီတွင်  ဖြစ်ပွားတတ်သည့် ရောဂါများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ခြင်ကိုက်ခြင်းမှ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌  သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားရခြင်းအကြောင်း၊ ရောဂါလက္ခဏာနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ ရှောင်ရန်/ဆောင်ရန်တို့ကို အသိပညာပေးဟောပြောပြီး သွေးလွန်တုပ်ကွေးကင်းဝေးရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး လက်ကမ်းစာစောင်နှင့် သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး လက်ကမ်း စာစောင်များကို ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သရက်ခရိုင်(ပြန်/ဆက်)