လူထုအခြေပြုဗဟိုဌာန(ပန်းတနော်)၌ ပုံပြင်ပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပန်းတနော် သြဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကျောင်းသားကျောင်းသူများ ဥာဏ်ရည်ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူ့အဖွဲ့အစည်းများတွင် ရဲဝံ့စွာပြောဆိုဆက်ဆံတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပုံပြင်ပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုမောင်က လူထူအခြေပြုဗဟိုဌာန(ပန်းတနော်)တွင် အသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း၊ ပန်းတနော်မြို့နယ် ပညာရေးမှူးရုံး(ယာယီတွဲဖက်) လက်ထောက်ညွှန်ကြားရေးမှူးမှ ပညာရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ပန်းတနော်မြို့နယ်အ.လ.က(ခွဲ)ဆယ့်နှစ်ရွာကျောင်းမှ ကျောင်းသား ကျောင်းသူများမှ ပုံပြင်ပြောပြိုင်ပွဲတွင် (၁၅)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် (၂၀)ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိကြသော ကျောင်းသား/ သူများအား တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)