ထီးလင်း အောက်တိုဘာ ၁၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကို ပြုလုပ်ကျင်းပ သွားမည်ဖြစ်ရာ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပုံးများနှင့်ဆက်စပ်ပစ္စည်းများ ရောက်ရှိပြီဖြစ် ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထီးလင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် အတွက် ဆန္ဒမဲပုံး(၁၁၆)ခု၊ အမျိုးသားလွှတ်တော် (၁၁၆)ခု၊ တိုင်းဒေသကြီးလွှတ်တော် (၄၁၃)ခု၊ တိုင်းရင်းသားလူမျိုးစုလွှတ်တော် (၁၆၈)ခု၊ စုစုပေါင်း ဆန္ဒမဲပုံး (၈၁၃)ခု နှင့် မဲရုံသုံး ဆက်စပ်ပစ္စည်းများဖြစ်သည့် ဘောပင်(၆၅၅)ချောင်း၊ ပေတံ(၃၂)ချောင်း၊ ဆော့ပင်(အပြာ) – (၁၀၀)၊ 10 ပင်(အသေး) – (၁၀၀)၊ No. 10 Stapler (၁၀၀)၊ Correction Pen (၁၀၀)၊ ကတ်ကြေး(၁၀၀)၊ တိတ်(အကြည်) – (၁၀၀)၊ မီးခြစ်(၁၀၀)၊ ပီနံကြိုးခွေ(အလတ်) – (၁၀၀)၊ ဖယောင်းတိုင်(အထုပ်) – (၁၀၀)၊ ဖိုင်(အကြည်) – (၁၀၀)၊ Inkpack (၁၅၃)ခု နှင့် သရေကွင်းများ ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
ထီးလင်းမြို့နယ်တွင် ဒုတိယအကြိမ်(နောက်ဆုံး)အကြိမ် မဲဆန္ဒရှင်စာရင်းများအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေမှာ ကျား - ၁၈၁၉၈ ဦး၊ မ - ၂၁၀၄၆ ဦး၊ စုစုပေါင်း မဲဆန္ဒရှင်ဦးရေ - ၃၉၂၄၄ ဦး ရှိပြီး လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် ကိုယ်စားလှယ်(၄)ဦး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တွင် ကိုယ်စားလှယ်(၅)ဦး၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်(ချင်းတိုင်းရင်းသားလူမျိုး)တွင် ကိုယ်စားလှယ်(၁၁)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စား လှယ်လောင်း (၂၉)ဦး တို့က ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)