ရေနံချောင်း ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ် ရေဝင်ရောက်မှုကြောင့် ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် မာန်မြေကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်း(၃)ကျောင်းကို ဩဂုတ် ၂၁ ရက်နေ့ကစ၍ ယာယီပိတ်ထားလိုက်ကြောင်း သိရသည်။
အဆိုပါကျောင်းများမှာ မိန်းမလှကျွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ မာန်မြေအရှေ့ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် မာန်မြေမြောက်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း တို့ဖြစ်ပြီး ယင်းကျောင်းများတွင် ဆရာ/ဆရာမ စုစုပေါင်၁၅ဦးနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၂၇ဦးရှိကြောင်း၊ ကျောင်းများကို ရေကျသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် ကျောင်းပြည်လည် ဖွင့်လှစ်ချိန်တွင် စနေ၊တနင်္ဂနွေရက်များကို ပြန်လည်အစားထိုး သင်ကြားပေးသွားမည်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)