မြို့သစ် အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေး နှစ်တွင် ကွန်ကရစ်တံတား(၆)စင်း၊ သားသတ်ရုံအဆောက်အဦ(၂)ခု ၊ကွန်ကရစ်လမ်း(၁)လမ်းနှင့် အုတ်စီ ရေမြောင်းပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မည့်လုပ်ငန်းများမှာ ငွေလုံးငွေရင်းဖြင့်အသုံးစရိတ်ဖြင့် မြို့သစ်မြို့၊ အမှတ်(၃)ရပ် ကွက်၊ မြို့မလမ်း်၌ (၁၈)ပေအကျယ် ကွန်ကရစ်တံတား(၁)စင်း၊ သားသတ်ရုံလမ်းကွန်ကရစ်တံတား (၁)စင်း၊ မြို့မလမ်းတွင် ကွန်ကရစ်တံတား(၁)စင်း၊ မင်းသာကျေးရွာတွင်း လမ်းတွင် (၁၆)ပေအကျယ် ကွန်ကရစ် တံတား(၂)စင်း၊ သာမာန်အသုံးစရိတ်ဖြင့် (၁၅)ပေအကျယ် ကွန်ကရစ်တံတား(၁)စင်း၊ စုစုပေါင်း တံတား (၆)စင်း ပြုလုပ်သွားမည်ဖြစ်ပြီး မြို့သစ်မြို့နှင့်မင်းသာကျေးရွာတွင် သားသတ်ရုံအဆောက်အဦ(၂)ခု ဆောက်လုပ်ခြင်း၊ ငွေလုံးငွေရင်းလုပ်ငန်းအနေဖြင့် မြို့သစ်မြို့၊ ဇီဇဝါလမ်းအား ပေ(၄၀၀)အရှည် ကွန်ကရစ် လမ်းခင်းခြင်း၊ အမှတ်(၂)ရပ်ကွက်၌ ပေ(၅၀၀)အရှည် အုတ်စီရေမြောင်းပြုလုပ်ခြင်းတို့ကို ယခုဘဏ္ဏာရေး နှစ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့သစ်မြို့စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)