ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

ကဝ ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် ပဲခူးခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ၊ ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားများ၊ ကလေးသူငယ်၏အခွင့်အရေးများ၊ ကလေးသူငယ်ကို မွေးစားခြင်းဆိုင်ရာများ၊ အလုပ်လုပ်ကိုင်စေခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုင်ရာများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် လူမှုဝန်ထမ်း-၃ ဒေါ်သန္တာစန်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သတ်၍ ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်များအားအကြမ်းဖက် ခြင်းဆိုင်ရာများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်သူများက သိရှိလိုသည့် အချက်များအား မေးမြန်းမှုကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)