ထန်းတပင် (ပဲခူး) အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိလူနာ (၃)ဦး သည် ရောဂါသက်သာ ပျောက်ကင်းပြီးဖြစ်သဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ(၃)ဦးအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးငြိမ်းမှ နေအိမ်တွင် (၇)ရက် အသွားအလာ ကန့်သတ်သွား မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ၍ နေထိုင် ကြရန်တို့ကို မှာကြားပြီးနောက် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)