ကလေး အောက်တိုဘာ ၁၅
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆီးယင်းကြိုးဝိုင်းအတွင်းရှိ ခိုင်ကမ်းဆင်စခန်းတွင် ဆင်စခန်းများ ယာယီပိတ်ထားစဉ်ကာလအတွင်း မြန်မာနိုင်ငံအရပ်ရပ်ရှိ ဆင်ချစ်သူများအနေဖြင့် Online မှတစ်ဆင့် ဆင်စာဘူဖေးများ ကျွေးမွေးနိုင်ကြောင်းသိရသည်။
“ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ခရီးသွားလုပ်ငန်းတွေ၊ အပန်းဖြေစခန်းတွေ ရပ်နားထား ရတဲ့အတွက် အခုချိန်မှာဆင်တွေအတွက် အစားအသောက်က အခက်အခဲဖြစ်လာပါတယ်၊ ကျွန်မတို့ ခိုင်ကမ်းဆင် အခြေပြု ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှာ ဆင်(၇)ကောင်ရှိပြီး အဲ့ဒီဆင်တွေကို ကြံ၊ ဌက်ပျောသီး၊အုန်းသီး၊ ဖရဲသီး၊နာနတ်သီး၊ ပြောင်းဖူး၊ ကျောက်ဖရုံသီးတွေကိုဖြည့်စွတ်စာကျွေးပါတယ်s၊ ဆင်(၇) ကောင်စာအတွက် ကျပ်ငွေ ၅၀၀၀၀ ကနေစပြီးတော့ ဆင်စာဘူဖေးကျွေးနိုင်ပါတယ်”ဟု ဆင်စခန်းမှ တာဝန်ရှိသူ တစ်ဦးက အခုလိုပြောကြားခဲ့သည်။
အဆိုပါ ခိုင်ကမ်းဆင်စခန်းတွင် ဆင်ကောင်ရေ(၇)ကောင်ရှိပြီး ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်း ဆင်များအစားအစာအခက် အခဲမရှိစေရန်တို့အတွက် မြန်မာတစ်နိုင်ငံအရပ်ရပ်ရှိဆင်ချစ်သူများအနေဖြင့် ဆင်စာဘူဖေးများ လာရောက်လှူဒါန်းလိုပါက Khai Kam Elephant Conservation Camp Facebook Pageမှလည်းကောင်း၊ ၀၉-၂၄၅၆၁၁၅နှင့် ၀၇၃-၂၀၂၁၀၃၅သို့လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင် ကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)