မင်းလှ(အောက်) အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက် အသိပညာ ပေး နံရံကပ်မှတ်တမ်းများ ပြသခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ပြသပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ မီဒီယာနှင့်သတင်းအချက် အလက် သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှုအတတ်ပညာနှင့် ကျန်းမာရေး ဆိုင်ရာ နည်းလမ်းများ၊ လူမူမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်းဆွေးနွေးရာ၌ ဆောင်ရန်၊ ရှောင်ရန်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ နှာခေါင်းစည်း(Mask)ကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ လိုက်နာရမည့် ကျင့်ဝတ်များစသည့် အသိပညာပေးအကြောင်း အရာ မျိုးစုံကို ပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ပြသပေးထားကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သော အနုပညာရှင်များ၏ နှိုးဆော်ချက်များကိုလည်း ပြသ ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)