မြောင်းမြ ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်အဖွဲ့သည် ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၅:၃၀ နာရီအချိန်က မြောင်းမြမြို့နယ်တွင် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များကိုယ်စား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးချစ်ကိုနိုင်က မြောင်းမြမြို့နယ်၏ လယ်ယာကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြသည်။
ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် မြောင်းမြမြို့နယ်တွင် လယ်မြေ (၁) ဧက (၁၀) တင်းနှုန်း ပိုမိုထွက်ရှိရေးနှင့် ပိုက်ဆံလျှော်စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့ပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူ များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူလယ်သမားများအား မိုးစပါးစိုက်ပျိုးမှုနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန နှင့်ပူးပေါင်း၍ ခေတ်မီနည်းပညာများဖြင့် ဆောင်ရွက်ရန်လိုအပ်ချက်များစသည်တို့အား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။
ဝေဝေ(မြောင်းမြ)