သရက်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

သရက် ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ပြည့်စုံသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း တွင်  ယမန်နေ့မွန်းလွဲ(၃)နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သရက်ခရိုင် ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ကျောင်းနေအရွယ်မှစ၍ စည်းကမ်းရှိရှိ ပြုမူနေထိုင်တတ်ပြီး ပညာကို ကြိုးစားသင်ယူတက်စေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ပြည့်စုံပြီး လူတော်လူကောင်းများဖြစ်မှသာ မိမိရပ်ရွာ၊နိုင်ငံတော်အတွက် အကျိုးရှိမှာဖြစ်လို့ စာပေဖတ်ရှုသည့် အလေ့အထကောင်းများကို လေ့ကျင့်ပြီး စာဖတ်ကြရန်နှင့် အားကစားစိတ်ဓါတ်ကောင်းများမွေးမြူပြီး ကျန်းမာသန်စွမ်းအောင် လေ့ကျင့်ကြရန် ပြောကြားပေးခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးကီးအောင်ထန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။

အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူယစ်ဆေးဝါးနံရံကပ်စာစောင်နှင့်ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ အား ပြသပေးခဲ့ကြောင်း သိရသည်။

 ဇော်ထက်(သရက်)