ပုသိမ် ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ မြင်းချောင်းကျေးရွာ၊ ရွှေဗောဓိဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်နိုင်၊ အဖွဲ့ဝင်(၂)ဦးစိုးပိုင်၊ အတွင်းရေးမှူးရဲမှူးရဲရန်အောင်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးယောမင်းထွန်းနှင့် ဌာနဆိုင်ရာများက တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တစ်ဧက ၁၀ တင်း အထွက်တိုးရေး၊ မျိုးကောင်း မျိုးသန့်စိုက်ပျိုးရေး၊ နိုင်ငံ့စီပွားမြှင့်တင်ရေး ရံပုံငွေဖြင့်ဆောင်ရွက်သည့်ကိစ္စရပ်များ၊ မွေးမြူရေးချေးငွေကိစ္စရပ်များ၊ စိုက်ဘဏ်၂၅%ကြွေးပြန်လည်ပေးဆပ်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေကိစ္စများ၊ မွေးမြူရေးသမားများခြံလှောင်စနစ်မွေးမြူရေး၊ ချောင်းကောမြောင်းကောများပြန်လည်တူးဖော်ရေး၊ သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်းသင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများမီးဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေး ကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ စနေနေ့တိုင်းရပ်ကွက်အလိုက်၊ နေအိမ် အလိုက်သန့်ရှင်းရေးဆောင်ရွက်ရေးတို့ကို ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများကသိရှိလိုသည်များမေးမြန်းရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန် ( ပြန်/ဆက်)