ပုသိမ် ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းဝေးကို ပုသိမ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းဝေခန်းမတွင် ယနေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကော်မတီများအလိုက် စီစဥ်ထားရှိမှုနှင့် ကျင်းပမည့် စာသင်ကျောင်းအတွင်း/ အပြင်လိုအပ်ချက်များ ဆောင်ရွက်ထားရှိရန်နှင့် ပြိုင်ပွဲကျင်းပစဥ်အချိန်တွင် သက်ဆိုင်ရာကော်မတီများမှ အလှည့်ကျစနစ်ဖြင့် လုပ်ငန်းမပျက်အောင်ဆောင်ရွက်ကြရန် ပြောကြားသည်။ ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့် ဖွင့်ပွဲကျင်းပမည့် နေ့ရက်မှစကာ ပြိုင်ပွဲပြီးဆုံးချိန်အထိ ကော်မတီများအားလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရေးပြောကြားကာ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ ဖွင့်ပွဲအခမ်းအနားအစီအစဥ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ကို ပုသိမ်မြို့အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ဩဂုတ်လ ၃၀/၃၁ ရက်နေ့များ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဟန် ( ပြန်/ဆက်)