အမာမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီကော်ဖီ(သီးနှံ)စိုက်ပျိုးပွဲ ကျင်းပ

အမာ သြဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီကော်ဖီ(သီးနှံ) စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က (၃)ဘဝသစ်ကျေးရွာ ပျဥ်ဒရယ်ကြိုးဝိုင်း တောင်သူ ဦးသိန်းအောင်၏ စိုက်ဧက(၄)ဧကတွင် မိုးရာသီကော်ဖီ(သီးနှံ)စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ မိုးရာသီကော်ဖီ (သီးနှံ)စိုက်ပျိုးပွဲသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်၊ ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးဌာန ​မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာ​အေးနှင့်ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အမာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းနှင့် မြို့ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင်မောင်ဝေနှင့် ဝန်ထမ်းများ၊ မြို့ရပ်မိ/ရပ်ဖများနှင့်ဒေသခံ ​တောင်သူများစုစုပေါင်း အင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အမာမြို့တွင် မိုးရာသီကော်ဖီ(သီးနှံ)ကို ၂၀၂၃ ခုနှစ်တွင် စတင်စိုက်ပျိုးခြင်းဖြစ်ပြီး မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပင်မျိုးများကို (အခမဲ့)ဖြန့်ဝေပေးကြောင်းနှင့် ကော်ဖီစိုက်ခင်းအတွင်း သီညှပ်ပီလောပီနံပင်နှင့် အရိပ်ရကွမ်းသီးပင်းများလည်း စိုက်ပျိုးခဲ့ကြသည်။

ကျော်ကျော်အောင်