ကံမမြို့၌ မြို့ရွာတစ်ခွင်စိမ်းလန်းစိုပြေစေရေး တမာပင် (၈၀၀) စုပေါင်းစိုက်ပျိုး

ကံမ ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့ရွာတစ်ခွင် စိမ်းလန်းစိုပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၇)နာရီက သစ်မယ်ဇီကျေးရွာအုပ်စု ဒန်းကိုင်းကျေးရွာအနီး ကံမ-ပြည်လမ်းမိုင်တိုင်အမှတ် ၂/၂ မှ ၂/၄ အကြား လမ်းဘေးဝဲယာတစ်လျှောက်၌ တမာပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ စုပေါင်းတမာပင်စိုက်ပျိုးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေး၊ အဖွဲ့ဝင်(၂) ဦးမြင့်ရွှေ၊ အတွင်းရေးမှူး ရဲမှူးခင်ဝင်းဇော်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာရှိများ လာရောက်ကြီးကြပ်အားပေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း အမှုထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်း (၂၅၂)ဦးတို့က တမာပျိုးပင် (၈၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)