မြို့သစ် ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ငွေလုံးငွေရင်း တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၆ဒဿမ၁၂၅)ကျပ်သန်းဖြင့် မြို့သစ်မြို့လယ်ပြင်ရပ်ကွက်၊ ပုလဲလမ်း ကတ္တရာခင်းခြင်းကို ဇူလိုင်လအတွင်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းသည် အရှည်ပေ(၆၄၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိပြီး ပုလဲလမ်းကတ္တရာခင်းခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
လုပ်ငန်းပြီးစီးပြီဖြစ်သဖြင့် မြို့ပြသာယာလှပပြီး အများပြည်သူတို့၏ လူနေမှုဘဝမြင့်မားကာသွားလာရေး ပိုမိုအဆင်ပြေလာနိုင်မှာဖြစ်ကြောင်း မြို့သစ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)