မြင်းမူ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ယခုနှစ်မိုးရာသီတွင် မိုးစပါး(၁၂၁၀၆)ဧကကို စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်ထားရှိရာ ယခုအချိန်ထိ မိုးစပါးဧက(၅၂၁၀)ကို စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။
နည်းစနစ်တစ်ကျစိုက်ပျိုးရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေးဆိုင်ရာကိစ္စများ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရေး၊ နည်းစနစ်မှန်စိုက်ပျိုးရေး၊ စသည့်နည်းပညာပေးလုပ်ငန်းများ အပြင် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် အချိန်မီစိုက်ပျိုးသွားနိုင်ရေးတို့အတွက် ဒေသခံတောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရှိရသည်။
မြင်းမူမြို့နယ်အနေဖြင့် ပျော့ရွာမြစ်ရေတင်စီမံကိန်းပါ ကျေးရွာ(၅)ရွာ၏ နှစ်စဉ်စပါးစိုက်ဧက(၂၀၀၀)အပြင် အခြားမြစ်ရေတင်လုပ်ငန်းများဖြင့် မိုးစပါး(၁၂၁၀၆)ဧကကို စိုက်ပျိုးသွားမည်ဖြစ်ပြိး ဒေသခံတောင်သူအများစုက မနောသုခစပါးမျိုးကိုသာ အဓိကထားစိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)