နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်

နတ်မောက်   ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဦး သက်နိုင်ဝင်းက သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ မီး၊ ရေ၊ မုန်း၊ လျင်၊ စူ၊ ပြို၊ ခေါင်၊ ကြိုး၊ လေ စသည်တို့နှင့်ပတ်သက်သည့် အသိပညာများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးကြည်ဟန်က မီးဘေးအန္တရာယ်သိကောင်းစရာများနှင့် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်တို့ကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။

၎င်းနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့ပြီး အမှတ်တရလက်ဆောင်များကိုပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

လှဝင်း