ကြံခင်း ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ကျောင်းသား/သူများ၏ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အထောက်အကူဖြစ် စေရန်ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက (အ.ထ.က) ဘက်ရဲကျောင်း တေဇခန်းမတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ(အ.ထ.က) ဘက်ရဲကျောင်းအုပ်ဆရာကြီး ဦးခိုင်မျိုးဇင်က အဖွင့်အမှာစကားပြော ကြားပြီး၊ ဘက်ရဲတိုက်နယ်ဆရာဝန် ဒေါက်တာမျိုးအိအိထွန်းက မိုးရာသီတွင်ဖြစ်ပွား တတ်သောသွေး လွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရော ဂါလက္ခဏာများအား ရှင်းလင်းဟော ပြောပြီးနောက်၊ ကျေးလက်ကျန်းမာရေးဆရာမ ဒေါ်ခင်ယမင်းသူကကလေး ငယ်များ၏သွားနှင့် ခံတွင်းကျန်းမာရေးအကြောင်းအား အသိပညာပေးဟောပြောကြသည်။
ထို့နောက် ကျောင်းသား/သူများအား ကျန်းမာရေးအသိပညာပေး ဉာဏ်စမ်း အမေး အဖြေ မေးခွန်းများ မေးမြန်းကြကာ ဘက်ရဲတိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)