ရွှေတောင် သြဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်းဦးဆောင်၍ ဩဂုတ်လ ၁၈ရက်နေ့ နေ့လယ်ပိုင်းက ကြာနီကန်ရပ်ကွက်၊ ဆေးရိုးတန်းလမ်း၊ ဧဝရက်ကိုယ်ပိုင်အထက်တန်းကျောင်း စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြသခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဒုတိယ မီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုက ကျောင်းသား / ကျောင်းသူ လေးများကိုမီးဘေးဆိုင်ရာ အသိပညာများ စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် မီးဘေးအသိပညာ ပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား / ကျောင်းသူ လေးများအား မီးသတ်ဆေးဘူးဖြင့်ကိုယ်တိုင် လက်တွေ့ သရုပ်ပြသခြင်း၊ မီးသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း (ပြန်/ဆက်)