ပန်းတောင်း သြဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲ မှုညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက ပန်းတောင်းမြို့နယ် အတွင်းမိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်း၍ မြစ်ရေများမြင့် တက်လာကာမြေပြိုမှုများ၊ ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနိုင်သည့်အတွက်ရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်း နေရာချထားပေးနိုင်ရန်၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိဘဲ ရေဘေးစခန်းများတွင် စနစ်တကျနေရာ ချထား ပေး၍ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ အစရှိသောစားသောက်ကုန် များကို တစ်ဦးချင်း အလိုက် ကူညီထောက်ပံ့ပေးထားနိုင်ရန်၊ ရေ၊မီး၊မိလ္လာလိုအပ်ချက် မရှိစေရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုများကြိုတင်ထားရှိနိုင်ရန်၊ ကျောင်းများ ခေတ္တ ယာယီပိတ်ထားရမည်ဆိုပါက အစားထိုး သင်ကြားပို့ချနိုင်ရေးကြိုတက် စီမံထားရှိနိုင် ရန်ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ နေရာချထား ပေးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၉၈) ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
လပြည့်လင်း (ပြန်/ဆက်)