နတ်မောက် ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က အဂတိတရား(၄)ပါး၊ အဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များ၊ အဂတိကင်းစင်ရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် (CPU) ဖွဲ့စည်းရသည့် ရည်ရွယ်ချက်(၂)ရပ်နှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထွန်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး(CPU)အဖွဲ့ဝင် မြို့နယ်အခွန်ဦးစီးအရာရှိ ဒေါ်ခင်စန်းရီက အခွန်(၆)မျိုးနှင့် ပြေစာအမှတ်တံဆိပ်အကြောင်းအရောများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
လှဝင်း