စစ်ကိုင်းမြို့နယ် ရွှေကြက်ထောင့်ကျေးရွာသို့ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်ပေး

စစ်ကိုင်း  ဩဂုတ်   ၁၉

စစ်ကိုင်းမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုများဝင်ငွေတိုးတက်စေရေးအတွက် စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အခြေခံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့က ရွှေကြက်ထောင့် ကျေးရွာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကျေးလက်နေအမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှအကုန်အကျခံဖွင့်လှစ်ပေးတဲ့အတွက် သင်တန်းသူများအနေဖြင့် စိတ်ဝင်စားစွာ လေ့လာမှတ်သားပြီး မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်သွားကြပါ၊ တစ်ပိုင် တစ်နိုင်လုပ်ငန်းမှသည် အောင်မြင်တဲ့လုပ်ငန်းရှင်များဖြစ်အောင်လည်းကြိုးစားသွားကြပါ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက် အကူပြုပေးသွားမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် သင်တန်းနည်းပြဆရာမက မိမိတိုရဲ့ဘဝတစ်သက်တာအသုံးပြုသွားနိုင်အောင် သင်ကြားပြသပေးသွား မှာဖြစ်တဲ့အတွက် သက်မှတ်ထားတဲ့ သင်တန်းစည်းကမ်းများကို လိုက်နာဆောင်ရွက်သွားကြပါလို့ ဆွေး နွေးပြောကြားကာ သင်တန်းစည်းကမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို (၁)လကြာ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ(၁၅)ဦး တက်ရောက်သင်ကြားကြပြီး လုပ်ငန်းထူထောင်လိုသူ သင်တန်းသား(၅)ဦးအား စိစစ်ရွေးချယ်ကာ သက်မှတ်စည်းကမ်းများနှင့်အညီ လုပ်ငန်းများ ထူထောင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။

ဇော်မြင့်နိုင်