ထားဝယ် ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၂ဝ၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ အားဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသား/သူများ က ပညာပန်းခင်း သီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပေါ်ပေါက်လာရန်အတွက် ဘက်စုံ၊ ကဏ္ဍစုံမှာ ပြည်သူလူထုဗဟိုပြု၊ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များကို ပြည်သူနှင့်အတူ စုပေါင်းအင်အားဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အောင်မြင်မှု သည်နိုင်ငံမှာရှိသော နိုင်ငံသားအားလုံး၏ အသိပညာ ဗဟုသုတ၊ ကျွမ်းကျင်မှုများနှင့်. တတ်ကျွမ်းမှုများ အပေါ်မှာမူတည်လျက်ရှိကြောင်း၊ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသော နိုင်ငံများ သည်လူမှုရေး၊ စီးပွားရေးကြွယ်ဝဖွံ့ဖြိုးတိုး တက်ခြင်းကဲ့သို့သော ကြီးမားသည့်ရေရှည် အကျိုးဖြစ် ထွန်းမှု များကိုရရှိခံစားကြရကြောင်း၊ လက်ရှိပညာသင်နှစ်တွင်နိုင်ငံတော်အစိုးရ အနေဖြင့်စနစ် ဟောင်းနဝမတန်း /Grade-10အောင်မြင်ပြီး အကြောင်းအမျိုး မျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် စနစ် ဟောင်းဒသမတန်း/Grade-11.တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများအားလုံးကို ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့်စနစ်သစ် ဒွါဒသမတန်း/Grade-12တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုခွင့်ပြုပေးလျက်ရှိရာ ယခုအခမ်းအနား သို့တက်ရောက်လာ ကြသူများက တစ်ဆင့်စကားတစ်ဆင့်နားကြား ရလေအောင် အသိပေးဆောင်ရွက်ပေး စေလိုကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းများအနေဖြင့်၂၀၂၀ ခုနှစ်တွင်(၂၈.၅၇)ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၂ခုနှစ်တွင် (၄၅.၉၅) ရာခိုင်နှုန်း၊ ယခုနှစ်တွင်(၆၈.၀၃)ရာခိုင်နှုန်းဖြစ်သည့် အတွက်ယခင်နှစ်ထက် (၂၂.၀၈) ရာခိုင်နှုန်း တိုးတက်လာပြီးနှစ်စဉ်အောင်ချက် ရာခိုင်နှုန်းများကိုနှိုင်း ယှဉ်ကြည့်ပါက ယခု ၂၀၂၃ ခုနှစ်သည် အောင်ချက်ရာခိုင်နှုန်း အများဆုံးနှစ်တစ်နှစ်ဖြစ်ကြောင်း၊ ယခုနှစ်ထူးချွန်မှု ရလဒ်များ အနေဖြင့် (၆)ဘာသာ ဂုဏ်ထူးရရှိသူ(၉)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရရှိသူ(၂၅)ဦး၊ (၄)ဘာ သာဂုဏ်ထူး ရရှိသူ(၆၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၈၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၂၃၄)ဦး၊ (၁) ဘာသာ ဂုဏ်ထူးရရှိသူ (၆၉၀)ဦး၊ စုစုပေါင်း(၁၈၃၁)ဦးရှိသည်ကိုမြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန် ချက်အရ တွေ့ရှိရကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီး ၏အောင်ချက်ရာခိုင်နှုန်း ကိုယခုနှစ်ထက် ပိုမိုတိုးတက်အောင်ပညာရေး ဝန်ထမ်းအားလုံးက ကြိုးပမ်း ပေးကြရန်၊ (၆)ဘာသာဂုဏ်ထူးရှင်များ လည်းပိုမိုပေါ်ထွက်လာ အောင်နိုင်ငံတော် အဆင့်ထူးချွန်သူစာရင်းများမှာ ပါရှိအောင်ကြိုးစားပေးကြရန်၊ ပညာရေးကဏ္ဍ၏ ထူးချွန် အောင်မြင်မှုများဖြင့် တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာကိုမြင့်တင်နိုင်အောင် ပိုမိုကြိုးပမ်းပေး ကြရန် လိုအပ် ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဦးဝင်းနောင် က တက္ကသိုလ်ဝင်စာမေး ပွဲအောင်မြင်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးမှ ထူးချွန်စွာအောင်မြင်သူများအား တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဂုဏ်ပြုဆုငွေ ကျပ်စုစုပေါင်းကျပ် (၅၈၆၈၃၇၀၀)(ငါးရာ ရှစ်ဆယ် ခြောက်သိန်း ရှစ်သောင်းသုံးထောင် ခုနှစ်ရာ တိတိ)ချီးမြှင့်၍ ဆုရကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသား(၁)ဦးက ကျေးဇူးတင်စကား ပြောကြားကာကျောင်းသား/သူများကပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)