အုတ်တွင်းမြို့နယ်၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်မြေများအားမိုးစပါး ပြန်လည်စိုက်ပျိုးနေမှု ကွင်းဆင်းကြည့်ရှု

အုတ်တွင်း ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်မြေများအား မိုးစပါးပြန်လည်စိုက်ပျိုးနေမှုကို ယနေ့နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနေဝင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဥယျာဉ်တော်ကျေးရွာနှင့် နတ်စင်ကုန်းကျေးရွာများရှိ ရေ​ကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်မြေများအား တောင်သူများမှ မိုးစပါးပြန်လည်စိုက်ပျိုးမှု အခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပေါက်တောကျေးရွာအုပ်စုမှ လင်း ကြက်မွေးမြူရေးခြံ မြေလွတ်နေရာများ၌ နှစ်ရှည်ပင်နှင့် ရာသီသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုခဲ့ပြီး ခရိုင်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)