ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်မှူးများ၊ ရပ်ကျေးစာရေးများ ရာအိမ်မှူးများနှင့် တွေ့ဆုံ

ငပုတော  သြဂုတ် ၁၉

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဧကများတိုးချဲ့ စိုက်ပျိုးနိုင်ရေး မြို့ပေါ် (၄)ရပ်ကွက်ရှိ အုပ်ချုပ်မှူးများ၊ ရပ်ကျေးစာရေးများ ရာအိမ်မှူးများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာ၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက လာမည့်နှစ်များတွင် မိုးစပါးနှင့် နွေစပါးစိုက်ဧကများ ယခင်ကထက်ပို၍ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ဧကများ ကျော်လွန်ပြီး ရိုးပြတ်ကျန်ဧကများ မရှိစေရေးအတွက် အလေးထားဆောင်ရွက်ရန်၊ ပိုက်ဆံလျှော်မျိုးစေ့များကို လာမည့်နှစ်များတွင်  လယ်မြေအားလုံးတွင် ထည့်သွင်းစိုက်ပျိုးနိုင်ရေး၊ မြေပြုပြင်ရန်လိုသော လယ်​မြေများတွင် မြေပြုပြင်ထိန်းသိမ်းရေး၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျ သုံးစွဲတက်စေရေး၊ ရေငံဒဏ်ခံနိုင်မည့် စပါးမျိုးကို ထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် ရေငံဒဏ်ခံနိုင်မည့် စပါးမျိုးကို စိုက်ပျိုးရေးပညာရှင်များထံမှ မျိုးစေ့ရယူကာစိုက်ပျိုးနိုင်ရေးနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်​ပြောကြားခဲ့သည်။

အောင်သူ (ပြန်/ဆက် )