မော်လမြိုင်ကျွန်း ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မောိလမြိုင်ကျွန်းမြို့နယ်၊ ရေလိန်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/သူများ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်၊ စာပေဗဟုသုတများတိုးပွားပြီး၊ ပြင်ပဗဟုသုတများ စုံလင်စွာ ရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးဟောပြောပွဲ ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို သြဂုတ်လ ၁၇ ရက်နေ့ နံနက်(၁ဝ)နာရီအချိန်က ရေလိန်ကျေးရွာ (အ မ က)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ရေလိန်ကျေးရွာ (အ.မ.က)ကျောင်းအုပ်ဆရာကြီး ဦးဝင်းဟန်က ယနေ့ဟောပြောပွဲတွင် ကျောင်းသား/သူများအနေဖြင့် ပြင်ပဗဟုသုတများတိုးပွားစေရေး အသိပညာပေးခြင်းကို အလေးထားနားထောင်မှတ်သားကြရန် ပြောကြားပြီးနောက်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဦးတင်ဝင်းက စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ဗဟုသုတတိုးပွားစေရန် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များပြသပေးရာ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်းနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘဆရာအသင်းကျောင်းကော်မတီအဖွဲ့များစုစုပေါင်း(၃၈၅)ဦး တက်ရောက်ကြကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)