လဟယ်မြို့တွင် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲ ကျင်းပ

လဟယ် ဩဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နာဂဒေသ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပသော သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ဩဂုတ် ၁၄ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်က လဟယ်မြို့ အ.ထ.က ကျောင်းဝန်း၌ ကျင်းပပြုလုပ်ပါသည်။

ရှေးဦးစွာ နာဂဒေသ၊ ဒေသစိုက်ပျိုးရေးဦးစီးမှူးဦးသိန်းထွန်းတင်မှ သဘာ၀မြေဩဇာ ပြုလုပ်သုံးစွဲနည်းအဆင့်ဆင့်ကို ရှင်းလင်းခဲ့ပါသည်။ ဆက်လက်ပြီး စိုက်ပျိုးရေးဝန်ထမ်းများက သဘာဝအမြေဩဇာပြုလုပ်သုံးစွဲနည်းအဆင့်(၁)မှ အဆင့်(၈)ထိ ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ပြုလုပ်ပြသခဲ့ကြပါသည်။

အဆိုပါ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းသရုပ်ပြပွဲသို့ နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးနေမင်းသူနှင့် အဖွဲ့၀င်များ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့် အဖွဲ့၀င်များ နာဂဒေသ၊ ဒေသစိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းထွန်းတင်နှင့် ရုံး၀န်ထမ်းများ၊ လဟယ်မြို့ပေါ်ရှိ တောင်သူများ အထက်တန်းအဆင့် စိုက်ပျိုးရေးကျောင်းတက်ရောက်နေကြသော ကျောင်းသား/သူများ တက်ရောက်၍ ကွင်းသရုပ်ပြသခြင်းကို လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)