ဟုမ္မလင်း ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ကို ယမန်နေ့ (၉) နာရီမှ (၁၂)နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်းခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးဒေါက်တာ ရန်နိုင်ဆွေ၊ အရိုးအထူးကုဆရာဝန် ဒေါက်တာ မင်းဇော်အောင်၊ ဒေါက်တာနန်းဝင်းအောင်နှင့် ဆရာ/ဆရာမများက သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး ဆီးချိုး၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း (၁၃၅) ဦးအား အခမဲ့ စောက်ရှောက်ကုပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုအစီစဉ်တွင် ကျန်းမာရေးစစ်ဆေးမှုမခံယူမီ သက်ကြီးဘိုးဘွားများအား ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်ကာယ လေ့ကျင့်ခန်းကို ဉီးတင်မောင်ဝင်း (HA1) က ဦးဆောင်လေ့ကျင့်ပေးခဲ့ကြောင်းနှင့် အာဟာရဒါနအနေဖြင့် နို့ဆန်ပြုတ် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)