ပန်းတောင်းမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး စာပေဟောပြောပွဲ ကျင်းပ

ပန်းတောင်း သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး စာပေဟောပြောပွဲကို ယမန်နေ့နေ့လယ်(၁:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ဥသျှစ်ပင်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လက်ထောက်ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကား ပြောကြားပြီး ဆရာကြီးအောင် (ဓါတု/ပြည်)နှင့် ဆရာတော် ကနောင် နိူင်နွယ်ဦးတို့မှ မိတ်ဆက်စကား ပြောကြားခြင်းနှင့် ကဗျာစာရွက်ဝေငှခြင်းများ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ ဆရာမကြီးခင်နှင်းဆီရွှေမှ “လှပသောနှလုံးသား” ခေါင်းစဉ်ဖြင့်၎င်း၊ ဆရာကြီး ပြည်-ခင်အောင်မှ “ဘဝထဲကအချိန်” ခေါင်းစဉ်ဖြင့်၎င်း သုတရသစာပေ အကြောင်းအရာများ ဟောပြောခဲ့ကြသည်။

ထို့နောက် လက်ထောက်ကျောင်းအုပ်ဆရာကြီးမှ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ညနေ(၃)နာရီအချိန်၌ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)