နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပ

နတ်မောက် ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့အမှတ်(၁)အခြေခံပညာအထက်အတန်းကျောင်း၌ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ဩဂုတ်လ(၁၇)ရက်နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးက အားကစားစိတ်ဓာတ်မြှင့်တင်ရေး၊ လူငယ်များကျန်းမာကြံ့ခိုင်မှုရှိကာ လူနေမှုအဆင့်အတန်းမြင့်မားပြီး စုပေါင်းလှုပ်ရှားတတ်သော အလေ့အကျင့်ကောင်းများရရှိ၍ နိုင်ငံတော်ကိုအကျိုးပြုမည့် မျိုးဆက်သစ်ရွက်ပုန်းသီး လူငယ်ကစားသမားများ ပေါ်ထွန်းလာမှာဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးက ကျောင်းသား/သူများအား အားကစားစိတ်ဓာတ်ပေါ်ထွန်းလာစေရန်အတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကာယဆရာအား ဘောလုံး၊ ဘောလီဘောပိုက်နှင့်ခြင်းလုံးတို့ကို လှူဒါန်းပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း