မင်းလှမြို့အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ

အထက်မင်းလှ ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မင်းလှမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်နီလာဦးကဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ၊ ဒုတိယဦးစီးမှူးဒေါ်အိသဇင်လှိုင်က မုန်တိုင်ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် မုန်တိုင်းအရောင် သတ်မှတ်မှုအခြေအနေများအား၊ ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အငယ်တန်းစာရေး ဦးဝေဖြိုးအောင်က ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရေဘေးကျရောက်ချိန်နှင့် ကျရောက်ပြီးအချိန်တို့ တွင်လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်း‌ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဟောပြောပွဲတက်‌ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးနှင့် ပတ်သက်၍ ဆွေး‌နွေးခဲ့သည့် အချက်အလက်များအား ပြန်လည်းမေးမြန်းဆွေးနွေးခဲ့  ကြကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)