ဘုတ်ပြင်းမြို့၌ စာဖတ်ဝိုင်း ဆောင်ရွက်

ဘုတ်ပြင်း   ဩဂုတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲအချိန်က လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် စာရေးဆရာမ ခင်စောတင့် ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်း ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်ခင်သန်းဆင့်က ကျွေးမေမေနှင့်မွေးမေမေ  ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး Book Club အဖွဲ့ဝင် ဒေါ်နွယ်နီဦးက အချိန်အခါကိုသိပါနှင့်တန်ဖိုးထားပါစားစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်အေးစန္ဒာ ကျေးဇူးပါမေမေနှင့် မကြည်လင်တဲ့ စိတ်နေစိတ်ထားတွေကို တွန်းလှန်ကြပါစို့ ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် အသင်းဝင်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့၏ အတွေးအမြင်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)