ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေငံ-သရက်ကုန်းတွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

ငပုတော သြဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေငံသရက်ကုန်းတွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ယမန့်နေ့ညနေပိုင်းက အဆိုပါ ကျောင်းဝန်းအတွင်းရှိ ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုစုဟန်က အဖွင့်မှာစကား ပြောကြားရာတွင် နိုင်ငံတော်အတွက် ထူးချွန်ထက်မြတ်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး တို့အတွက် ယခုလိုအားကစား ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများက သစ္စာအဓိဌာန်ရွတ်ဆိုကြသည်။

ထို့နောက် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ပထဆုံး ပွဲစဥ်အဖြစ် ဘုရင့်နောင် အသင်းနှင့် ဗန္ဓုလအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)